ပုထုဇဉ်ဟူသည်ဆရာများသူဖြစ်၏။သိုဖြစ်၍အရိယာ
ဈာန်ပျံမဟုတ်သေးသောလူသားတို့သည်အရာအမျိုးမျိုး၏
သင်ကြားချက်ကိုခံယူကြရစမြဲဖြစ်သည်။(ယခုဆောင်ပါးကိုဖတ်နေခြင်းအပါအ၀င်)
ဆရာဟူသည်တို့ကားများသောအားဖြင့်
စေတနာကောင်းရှိသူများဖြစ်ကြ၏။သို့သော်သဗ္ဗညုဘုရားရှင်နှင့်အထက်တန်းစားအရိယာ
သာဝကကြီးများမှတပါးပုထုဇဉ်ဆရာသမားတို့သည်မိမိတို့၏ညဏ်ရှိသမျှကိုသာလျင်သင်ပြ
နိုင်ကြရိုးရှိပေသည်။
ထိုသို့သင်ပြကြရာ၌တကယ့်လောကသဘာဝနှင့်အမြဲတစေဟပ်မိပြီးကောင်းကျိုးဆောင်သော
သိမြင်စရာတွေလည်းပါဝင်၏။ဆရာ၏ပင်ကိုယ်ညဏ်နှင့်ဗဟုသုတအင်းအားဆုံးဖြတ်မှူစွမ်းရည်
စသည့်တို့လိုနေသေးသဖြင့်လူသားအားအကျိုးမများသည့်(တခါတရံဘေးတွေ့စေသည့်)
သြ၀ါဒများကိုလည်းပေးမိခဲ့ကြ၏။အချို့သောသက်သေပြချက်များမှာမူထိုဆရာ၏ခေတ်
ကာလဒေသနှင့်ကိုညီ၍ကောင်းကျိုးရရှိနိုင်လင့်ကစားဒေသတပါးမှနှောင်းခေတ်များတွင်
လက်ခံကျင့်သုံးကြသည့်တပည့်များအတွက်အကျိုးမသက်ရောက်နိုင်သည်များလည်း
ရှိလေသည်။ထိုကြောင့်ပါးနပ်၍အမြင်ကျယ်သောအချို့ဆရာများသည်အချိန်အခါလိုက်
အရပ်ဒေသအလိုက်အသုံးပြုနိုင်မည့်ကျယ်ပြန့်သောဥပဒေသတို့ကိုချထားပေးခဲ့လေ့
ရှိပေသည်။သို့ဖြစ်လျှင်အသက်တရာမနေရ၊အမှုတစ်ရာတွေ့ရတတ်သော၊
ဃရာဝါသဗဟုကိစ္စနယ်မှလူသားတစ်ဦးသည်မည်သို့သောဆရာကိုဆည်းကပ်၍
မည်သို့သောလမ်းစဉ်ကိုကျင့်သုံးရမည်စသောပြဿနာသည်သိမ့်မွေ့နက်နက်စွာ
တည်ရှိနေပေသည်။
ှုဥပမာ။ကြက်သားဟင်းသည်အရသာရှိသောစားဖွယ်ဖြစ်၍စားသုံးသင့်သည်
ဟူသောအချက်၌ပင်လျင်ဝေဖန်စဉ်းစားစရာတွေများပြားလှပါသည်။ဘယ်လို
အရသာရှိသနည်း။မည်သူတို့စားထိုက်သနည်း။စသည့်ကိုချင့်ချိန်ရချေမည်။
ကြက်သားဟင်းကောင်းသည်ဆိုသောအချက်ကိုမူသေမှတ်ထားပြီးအမြဲစား
သုံးနေချေသော်လည်းကောင်းထိုတရားသေယူဆချက်သည်အကျိုးထူးထွန်း
ကားစရာရှိလေတော့သည်။ဤကဲ့သို့သောဝါဒရေးရာခံယူကျင့်သုံးလုပ်ဆောင်
စရာများနှင့်ပတ်သက်၍ခေတ်အမှီဆုံးညွှန်ကြားချက်ကိုမြတ်ဗုဒ္ဓသည်လွန်ခဲ့
သောနှစ်ပေါင်း(၂၅၅၀)ကျော်ကာလကပင်လျှင်လူသားတို့အားပေးအပ်ထား
ခဲ့လေပြီ....
(ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ် အဓိပ္ပာယ်ဖွင့်စာအုပ်မှကောက်နုတ်၍
ကျေးဖူးပြုပါသည်။)
Friday, July 25, 2008
အမှားလှန်၍အမှန်ကိုကျင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment