Friday, July 25, 2008

မရှုံးနိမ့်ကြောင်းတရား(၇)ပါး

လူတိုင်းလူတိုင်းအောင်မြင်ကျော်ကြားချင်သူတွေသာဖြစ်ပါသည်။အောင်မြင်မှု
တွေသာပိုင်ဆိုင်ချင်ရင်မရှုံးနိမ့်ကြောင်း
တရားတွေကိုသိထားသင့်ပါတယ်။မရှုံးနိမ့်ကြောင်းတရား(၇)ပါးကို
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားခဲ့ပါတယ်..



(၁)။မပြတ်မလတ်စုစည်းဝေး၍စုပေါင်းဆုံးဖြတ်ချက်ချခြင်း။
(၂)။(ဆုံးဖြတ်ချက်နှင့်အညီ)ကိစ္စကိုတပေါင်းတည်းဆောင်ရွက်ခြင်း။
(၃)စံနစ်(ဥပဒေနှင့်စည်းမျဉ်း)ကိုစောင့်ရှောက်ခြင်း။
(၄)။လူကြီးသူမများအားအရိုအသေပြုခြင်း။
(၅)။အမျိုးသမီးများအားအနိုင်အထက်မနှိပ်ကွပ်ခြင်း။
(၆)။လူမျိုးဆိုင်ရာဓလေ့ထုံစံကိုစောင့်ရှောက်ခြင်း။
(၇)။ရဟန်သံဃာများကိုရိုသေကိုင်းရှိုင်းခြင်း။
အဆိုပါ(၇)ချက်တွင်စုပေါင်းဆုံးဖြတ်ချက်ချမှု၊စုပေါင်းဆောင်ရွက်မှု၊ဥပဒေစည်းမျဉ်းလိုက်နာ
စောင့်ရှောက်မှုနှင့်အမျိုးသမီးလွတ်လပ်မှုများသည်တိုးတတ်မှုနှင့်ဆီလျော်သောအယူအဆ
များဖြစ်ပြီးယနေ့အထိမှန်ကန်လျက်ရှိနေပါသည်။
ကျန်သောအကြောင်းအရာများ၌ညွှန်ကြားဆော်သြပေးခြင်းမှာကားထိုခေတ်လူမှုစနစ်တွင်
ဗုဒ္ဓကလက်ဝင်မရှိုချင်သောသဘောကိုသာဖော်ပြပေသည်။ဤတွင်ပုဂ္ဂိုလ်ဆွဲတဏှာ၏
ဆိုးရွားသောအကျိုးကိုဗုဒ္ဓကမြင်တော်မူသည်။ဒုက္ခတို့၏အကြောင်းကားပုဂ္ဂိုလ်စွဲတဏှာ
သာတည်း။ဒုက္ခများကိုသရုပ်ဖော်လျက်ဗုဒ္ဓကဟောတော်မူခဲ့၏။
(သံယုတ္တနိကာယ ၁၄)


No comments: