Sunday, August 3, 2008

ငြိမ်းအေးသောဘ၀ပိုင်ရှင်

ဆရာတော်အရှင်ဆန္ဒဓိက၏ငြိမ်းအေးသောဘဝ
ပိုင်ရှင်စာအုပ်မှတစ်ချက်ပဲဖော်ပြပေးလိုပါတယ်။ဆရာတော်ကငြိမ်းအေးသောဘ၀ပိုင်ရှင်
ဖြစ်စေရန်(၃၆)ချက်နဲ့ဆုံးမသြ၀ါဒပေးထားပါတယ်။အဓိကပင်မဖြစ်တဲ့အချက်ကိုပဲရွေး
နုတ်တင်ပြကျေးဇူးပြုလိုက်ပါတယ်။


ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ဖို့ပဓာနအကျဆုံး
အရည်အသွေးကတော့ "တဏှာကင်းစင်ခြင်း'ဆိုတဲ့အချက်ပါပဲ။
ဝီတတဏှောပုရာဘေဒါ မသေခင်မှာတဏှာကင်းရင်ငြိမ်းအေးတယ်လို့ဆုံးမထားတာရှိပါတယ်။
တဿတိပရိတဿတိတဏှာ ဆာလောင်တတ်တဲ့တရားကိုတဏှာလိုခေါ်ပါတယ်။
ပရိယေသနဒုက္ခ အာရုံတွေရှာဖွေရတဲံဆင်းရဲဒုက္ခ၊အာရက္ခဒုက္ခ ရှာဖွေထားတဲ့အာရုံတွေကို
မပျောက်အောင်ထိန်းသိမ်းရတဲ့ဒုက္ခ၊၀ိပရိဏာမဒုက္ခ ရှာထားစုထားစောင့်ရှောက်ထားလျက်
ဆုံးရှုံးပျက်ဆီးသောအခါကိုယ်စိတ်နှစ်ပါးဆင်းရဲတဲ့ဒုက္ခဆိုပြီးတော့ကားဆင်းရဲပြီးရင်းဆင်းရဲ
၍ကားနေရလေတော့သည်။
တဏှယ ဇာယတီ သောကော၊
တဏှာယ ဇာယတီ ဘယံ၊
တဏှာယ ၀ိပ္ပမုတ္တဿ
နတ္ထိ သောကော ကုတောဘယံ။
ဆာလောင်တတ်တဲ့တဏှာကြောင့်ပူလောင်တဲ့သောက၊ဆင်းရဲတဲ့ဘေးဒုက္ခဖြစ်ရတယ်။
ဆာလောင်တဲ့တဏှာမှလွှတ်မြောက်သူမှာတော့ပူလောင်တဲ့သောကလဲလုံးဝမရှိ၊ဆင်းရဲတဲ့
ဘေးဒုက္ခလဲလုံးဝမရှိပကတိငြိမ်းအေးနေတယ်လို့ဘုရားရှင်ကမိုးရေကြီးလို့လယ်မြေ၊
ဆန်းစပါးတွေဆုံးရှုံးပျက်စီးလို့သောကရောက်နေတဲ့ပုဏ္ဏားကြီးကိုဟောကြားဆုံးမခဲ့ပါတယ်။
တဏှာကင်းစေနိုင်တဲ့အကျင့်မြတ်ကတော့ သီလ၊သမာဓိ၊ပညာအကျင့်(၃)ပါး၊သိက္ခာ(၃)ပါး
ဟာတဏှာကင်းကြောင်းအကျင့်ပါပဲ။
ဝီတိက္ကမတဏှာ ၀စီကံ။.ကာယကံမြောက်လွန်ကျူးကြောင်းတဏှာလို့ခေါ်ပါတယ်။ဒီတဏှာ
ကိုတော့သီလကျင့်စဉ်နဲ့ပယ်ရပါလိမ့်မယ်။
ပရိယုဌာနတဏှာ စိတ်ထဲမှာထကြွသောင်းကျန်းနေတဲ့တဏှာလိုခေါ်ပြီးသမာဓိကျင့်စဉ်
နဲ့ပယ်ရပါတယ်။
အနုသယတဏှာ နှလုံးသားထဲအတွင်းသန္တန်ထဲမှာနက်ရှိုင်းစွာငုပ်လျှိုးနေတဲ့တဏှာကို
တော့ပညာကျင့်စဉ်နဲ့ပယ်ရပါတယ်။ဝိပဿနာ၊မဂ်ပညာနဲ့ပယ်သတ်မှသာကင်းရှင်းပါမယ်။
အနုသယတဏှာကိုနှစ်ပိုင်းရှိပါတယ်။အာရမ္မဏာနုသယတဏှာနဲ့သန္တာနာနုသယတဏှာ
ဆိုပြီးရှိပါတယ်။အာရမ္မဏာနုသယတဏှာက နောက်ထပ်ဖြစ်ဖို့အတွက်အာရုံပေါ်မှာကိန်း
အောင်းနေတဲ့တဏှာမျိုးပါ။ဝိပသနာဥာဏ်နဲ့ပယ်ရပါတယ်။နောက်သန္တာနာနုသယတဏှာ
ကတော့အာရု့ပေါ်မှာမကိန်းဘူး။အကြောင်းညီညွတ်ရင်ဖြစ်ဖို့အတွက်အတွင်းသန္တန်မှာ
ကိန်းဝပ်ပုန်းအောင်းနေတဲ့တဏှာပါ။မဂ်ဥာဏ်နဲ့ပယ်လိုက်ရင်တော့ငြိမ်းအေးသောဘဝ
ပိုင့်ရှင်တွေဖြစ်စေနိုင်ပါတယ်။
ဒီနေရာမှာကြော်ငြာဝင်လိုက်ချင်တာကဆရာတော်ရေးသားထုတ်ဝေတဲ့ငြိမ်းအေးသော
ဘ၀ပိုင်ရှင်စာအုပ်ကိုဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။
မပြောမရှိနဲကိုယ်တွေ့ငြိမ်းအေးတယ်ဆိုတာကြော်ငြာလိုက်ရပါတယ်။အကြောင်းညီညွတ်ရင်
စာအုပ်တွေတင်ပေးနိုင်အောင်ကြိုးစားသွားမယ်ဆိုတာလဲကြော်ငြာဝင်လိုက်ပါ့ရစေ...


အပြည့်အစုံသို့

Wednesday, July 30, 2008

အမှန်တရားသို့ကူးပြောင်းရေး(၄)

အမှားအမှန်ကိုပြန်လည်စိစစ်ခြင်းဟူသော
ပထမတံတိုင်း၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားသိနားလည်ခြင်းဟူသောဒုတိယတံတိုင်း
အမှားအမှန်ကိုခွဲခြားပြောဆိုခြင်းအမှားကိုတာဝန်ခံယူခြင်းဟူသောတတိယတံတိုင်း
ဤသို့သောတံတိုင်း(၃)ခုကိုကျော်ဖြတ်ခဲ့ပြီးနောက်နောက်ဆုံးတွေ့ရသောစတုတ္ထ
တံတိုင်းမှာကျော်လွှားရန်အခက်ဆုံးဖြစ်ပေသည်။


၎င်းကားအခြားမဟုတ်အမှားကို
ရက်ရက်စက်စက်မျက်နှာလွှဲလိုက်ပြီးအမှန်သမားဘ၀သို့ကူးပြောင်းလက်ခံကျင့်သုံး
နိုင်ရန်ဦးလေးနေမှူမျိုးပင်ဖြစ်ပါသည်။ဤအချက်သည်ကိုးကွယ်မှူတစ်ရပ်မှအခြား
ကိုးကွယ်မှုတစ်ရပ်သို့ကူးပြောင်းခြင်း၊၀ါဒတစ်ရပ်ခံယူထားရာမှမှန်ကန်သောနောက်
ဝါဒတစ်ရပ်ဖြင့်အစားထိုးခြင်း၊၀တ်စားဆင်ယင်မှူစသောဓလေ့ထုံးစံတစ်ခုမှအခြား
သောဟန်တစ်မျိုးသို့လိုက်နာခြင်းစသည့်(ပြောင်းလဲတိုးတတ်မှူ)ကိုတုံ့ဆွဲထားလျက်
ရှိပေသည်။မိမိသည်မည်သည့်ဝါဒီမည်သည့်ကိုးကွယ်မှူရှိသည်ဟုလူအသိမခံပြီး
နောက်မိမိဝါဒမိမိကိုးကွယ်မှုမမှန်ကန်မှန်းအတွင်းကြိတ်သိရှိနေစေကာမူအမှန်တရား
ကိုပြောင်းလဲကျင့်ကြံလူသိခံရန်ခက်ခဲလေသဖြင့်မှေးနေတတ်၏အကြောင်းပြချက်
အမျိုးမျိုးဖြင့်လည်းခုခံချေပတတ်လေသည်။မှားယွင်းမှန်းသိနေသောမိမိခံယူသော
ဝါဒကိုးကွယ်မှုတစ်ရပ်ကိုအတောင်၊အမြီး၊ခြေ၊လက်၊ဦးခေါင်းစသည်ပြည့်စုံအောင်
ဖြည့်စွက်၍လှပစေရန်ဇွတ်ကြိုးစားတတ်ခြင်း၊အိုးမလုံအုံပွင့်ဆိုဘိသကဲ့သို့အကြောင်း
ထူးမရှိဘဲခဏ၊ခဏသိဒ္ဓိတင်နေတတ်ခြင်းစသည်ကိုပြုလုပ်လာတတ်သည်။
"ကျားကျားမီးယပ်"ဟူသောစကားပုံကိုလူတိုင်းကြားဖူးပေလိမ့်မည်။ဆေးဆရာ
တစ်ယောက်ပိတ်ခြင်းထောင်ထူထူအတွင်းရှိလူနာတစ်ယောက်အားလက်သွင်း၍
သွေးစမ်းကြည့်ပြီးနောက်မီးယပ်ရောဂါဖြစ်နေသည်ဟုဆိုလိုက်ရာ"လူနာရှင်က
ဆရာရယ်လူနာမှာယောင်္ကျားကြီးပါ"ဟုအယူခံရှာသော်လည်းကျားကျားမီးယပ်
ရောဂါပါဘဲဟုအမိပြောကာသူ့ကိုယ်သူဂုဏ်ဆယ်လိုက်လေသည်။ဤမြန်မာစကား
ပုံလေးသည်အမှားကိုပယ်လှန်၍အမှန်သို့ကူးပြောင်းလက်ခံရန်ခဲယဉ်းပုံလူ့သဘာဝ
ကိုပိုင်နိုင်စွာမှတ်တမ်းတင်ထားချက်ဖြစ်ပေသည်။ဤသို့အမှားမှအမှန်သို့ချီတတ်စေ
ရာ၌အမြင်မှန်ရှိသောဦးစီးခေါင်းဆောင်တို့၏အနုအကြမ်းနည်းစုံပြွမ်း၍လက်ကမ်း
ခေါ်ဆောင်တတ်ခြင်းသည်လွန်စွာအရေးကြီးလှပေသည်။လုပ်ငန်းတိုင်း၏အမှား
အမှန်ကိုစိစစ်လော့၊သိအောင်လုပ်လော့၊အမှားကိုပယ်လှန်ပြီးအမှန်ကိုပြောင်းလဲ
ကျင့်သုံးလော့။
”သတိဆောင်ရန်ဆောင်ပုဒ်”
မှားအမြင်၊ကြားဝင်သူဖျက်လို့၊
ယူဆချက်တွေလွဲ၊သိအောင်ဥာဏ်ကိုသုံးပါမှ
ပြုံရမှာဘဲ။
(နှစ်ဖက်လှ(ခ)ရှင်ကေတုမလာဘိဝံသ)


အပြည့်အစုံသို့

အမှန်တရားသို့ကူးပြောင်းရေး(၃)

တတိယတံတိုင်း။ဖြစ်ရပ်တစ်ခု၏ယာထာဘူတ
သဘာဝကိုမူမှန်သောနည်းဖြင့်ဝေဖန်၍ဤဟာသည်အမှားဤဟာသည်အမှန်
ဟူ၍သိရှိကာဒုတိယတံတိုင်းကြီးကျော်လွှားပြီးနောက်တတိယတံတိုင်းကြီးကို
ကျော်လွှားလွန်မြောက်ရန်လိုအပ်လာပြန်သည်။



အမှားနှင့်အမှန်ကိုဝေဖန်သိရှိပြီးနောက်
မည်သည်ကမှားယွင်းသည်၊မည်သည်မှာမူမှန်ကန်သည်ဟု၊အတိအလင်းဒိုးဒိုးဒေါက်ဒေါက်
ပြောပြရန်၊ညွန်ကြားရန်၊ကျေငြာရန်ခက်ခဲနေတတ်ပေသည်။ဤသည်လျှင်တတိယတံတိုင်း
ဖြစ်သည်။ဤသို့ကာဆီးမှုသည်လူ့သဘာဝအခြေခံအဘိဓမ္မာသဘာဝကြောင့်ဖြစ်သည်။
လူသည်မိမိ၏အောင်မြင်မှုကိုသာပတ်ဝန်ကျင်အားအသိပေးလိုစိတ်ရှိ၏။မိမိ၏ပျော့ကွက်
ကိုမှူ၊သိုသိုသိပ်သိပ်ဖုံးဖိထားလိုကြသည်။ဖြစ်နိုင်လျှင်မိမိ၏မယားကိုသော်မှအသိမပေး
လိုကြပေ။ဤသို့ဖြစ်ရခြင်း၏ရေသောက်မြစ်ကိုအဘိဓမ္မာကျကျရှာဖွေလျှင်ကိုယ်ကိုယ်ကို
ချစ်ခင်မြတ်နိုးမှုဟူသောတဏှာနှင့်ကြွားဝါတင့်တယ်လိုသောမာနတရားတို့၏လက်ချက်
ကြောင့်ဖြစ်ကြောင်းတွေ့ရှိရပေမည်။မိမိပါသည်ဟုထုတ်ဖော်ကြေငြာဝံ့သောသူသည်ပင်
ဟာ..ဒီလူတော်သဟေ့ကိုယ့်အမှားကိုဝန်ခံနိုင်တဲ့သတ္တိရှိသဟေ့စသောချီးကျူးခံရမှုကို
ဂုဏ်ယူလိုစိတ်နှင့်ကင်းစရာမရှိချေ။သို့သော်ဤဂုဏ်မျိုးကိုယူတတ်အောင်ကားအားပေး
ရပေမည်။
ဤတွင်ဗုဒ္ဒဘာသာတော်မှခေတ်မီသည့်စနစ်တခုကိုဖော်ပြလိုပေသေးသည်။ရဟန်တော်များ
ကျင့်ဝတ်တွင်"ဒေသနာဖြေကြားခြင်း"ဟူသောစနစ်ကိုလူတိုင်လိုလိုသိရှိကြပေသည်။
သိုပသော်ဤစနစ်၏လေးလေးနက်နက်ခေတ်မီနေပုံကိုမူသုံးသပ်မိသူနည်းပါးပေမည်။
ဒေသနာဖြေကြားခြင်းဟူသည်ရဟန်တစ်ပါးမှာမတော်တဆမှားယွင်းလုပ်ကိုင်ချက်တစ်
ခုကြောင့်အဖြစ်ထိုက်နေရာ၊ထိုမိမိ၏မှားဖြစ်ကိုယုတ်မှာသောစိတ်ထားဖြင့်(ဘူးကွယ်
သောရာဇ၀တ်သားကဲ့သို့မပြုလုပ်မူ၍)အခြားရဟန်းတစ်ပါးထံတွင်မိမိ၏အပြစ်ကို
အပြစ်အလျောက်ဖွင်ဟပြောပြခြင်း၊နောင်ကိုမဖြစ်ရအောင်လည်း၊စောင့်စည်းပါတော့
မည်ဟုတာဝန်ခံချက်ပေးခြင်းပင်ဖြစ်သည်။
ဤသို့မိမိအမှားကိုဝန်ခံပြောဆိုခြင်း၏တန်ဖိုးမည်မျှကြီးမားသနည်းဟူမူနေ့စဉ်စိတ်
မချမ်မသာဖြစ်နေရပြီးအပါယ်လေးရပ်သို့ပင်အရာက်ပို့ပေးနိုင်သောအပြစ်ဒဏ်ကို
မြတ်ဗုဒ္ဒကကင်းလွတ်ခွင့်ပြုလေသည်။ဤသည်ကားထိုရဟန်း၏ရိုးသာမှုအတွက်
မြတ်စွာဘုရားကချီးမြှင့်တော်မူသောဆုထူးဆုမြတ်ဖြစ်လေသည်။ဤသို့စသည်
ဖြင့်ဝေဖန်ပိုင်းခြားလျှင်အမှန်အမှားခွဲခြားပြောဆိုခြင်း၏တန်ဖိုးသည်မနည်းလှပါ
ကြောင်းသိအပ်ရာသည်။မိမိ၏အမှားကိုဝန်ခံရဲသည့်အပြင်သူတစ်ပါး၏အမှားကို
လည်း(သင့်လျော်ပါက)ထောက်ပြဝေဖန်၍စိတ်ပဟိတကလုပ်ငန်းတစ်ရပ်ပင်
မဟုတ်ပါလော။

အပြည့်အစုံသို့

Sunday, July 27, 2008

အမှန်တရားသို့ကူးပြောင်းရေး(၂)

ဒုတိယတံတိုင်းကြီး။အမှားအမှန်ပြန်လည်စိစစ်ခြင်း
ဟူသောတံတိုင်းကိုကျော်လွှားဝင်ရောက်လိုက်သည်နှင့်တပြိုင်နက်ဒုတိယတံတိုင်းတစ်ခုထပ်မံ
ပေါ်ပေါက်၍ကာဆီးလာမည်မှာဧကန်ဖြစ်သည်။၎င်းကားအခြားမဟုတ်"မိမိစိစစ်နေသော
ပြဿန"တည်ငြိမ်မှန်ကန်မှုသို့မဟုတ်ချွတ်ချော်တိမ်းလွဲနေမှုကိုပြတ်သားစွာသိရှိနိုင်ခဲ့ခြင်း
ဖြစ်သည်။



အဘယ်ကြောင့်ဆိုသော်လူတိုင်းမှာ
ရင့်ကျက်သောပညာ၊နက်ရှိုင်းသောအသိ၊ကျယ်ပြန့်သောဗဟုသုတတို့နှင့်ကုံလုံပြည့်ဝ
နိုင်ခဲ့သောကြောင့်ဖြစ်ပေသည်။ယင်းသို့လိုအပ်သောအရည်အချင်းတို့နှင့်ပြည့်ဝ
ကုံလုံသည်ပင်ဖြစ်လင့်ကစား၊အဂတိတရားလေးပါးကင်းရှင်းစွာဖြင့်ခံယူဆုံးဖြတ်
မိရန်သည်မေ့၍မဖြစ်သောအချက်တစ်ချက်ဖြစ်ပြန်သည်။ပြဿနာတစ်ရပ်
ကိုဖြစ်စေ၊လုပ်ငန်းတစ်ခုကိုဖြစ်စေ၊လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊
နဂိုကကြိုတင်သဘောကျမိနေသော်လည်းကောင်း၊သို့တည်းမဟုတ်
မလိုလားနှင့်နေသောကြောင့်လည်းကောင်းပတ်ဝန်ကျင်ကိုရွံစိုးထိတ်လန့်
နေရလေသောကြောင့်လည်းကောင်းလွဲလွဲမှားမှားယူဆဆုံးဖြတ်မိတတ်
ပေသည်။သို့ဖြစ်သောကြောင့်ဤဒုတိယတံတိုင်းကြီးကိုကျော်လွှားနိုင်ရန်
မိမိလုပ်ငန်းပြဿနာနှင့်ဆိုင်ရာသိသင့်သိထိုက်သောအသိဥာဏ်ဗဟုသုတ
ကိုကျယ်ကျယ်ပြန့်ပြန့်ရှာဖွေဆည်းပူးထားရမည်ဖြစ်ပြီးမှန်သလား
မှားသလားဟုစိစစ်သောအခါတွင်စိတ်ကိုအသန့်ရှင်းဆုံးမွေးမြူထား
ရှိရန်လည်းလွန်စွာလိုအပ်လှပေသည်။


အပြည့်အစုံသို့

Saturday, July 26, 2008

အမှန်တရားသို့ကူးပြောင်းရေး

အမှန်တရားသို့ကူးပြောင်းလက်ခံကျင့်သုံးနိုင်မှူသည်
တံတိုင်းကြီးလေးဆင့်ကိုကြိုးကြိုးစားစားကျော်လွှားလွန်းမြောက်နိုင်မှသာဖြစ်နိုင်သည်။


ပထမတံတိုင်း။လူသားသည်ပထမဦးစွာ
မိမိကိုင်တွယ်ကျင့်သုံးနေသည့်ဝါဒနှင့်လက်တွေ့လုပ်ငန်းရပ်ကိုအခွင့်အခါရတိုင်းအမှား
အမှန်အကျိုးရှိ၊အကျိုးမဲ့အခြေအနေကိုစိစစ်သုံးသပ်ဖို့လိုပေသည်။ကာလဒေသပြောင်း
လဲနေသည်နှင့်ယမန်နှစ်ကအကျိုးရှိသောအလုပ်တစ်ခုသည်ယခုနှစ်တွင်အကျိုးရှိချင်မှ
ရှိပေတော့မည်။သို့ဖြင့်အမှားအမှန်ပြန်လည်ဝေဖန်မှုသည်ဧကန်လိုအပ်ပေသည်။
သို့ပင်ဖြစ်သော်လည်းများစွာသောလူတို့သည်ဤကဲ့သို့မှားမှန်ခွဲခြားစိစစ်ခြင်းများကို
မေ့ထားတတ်ကြပေသည်။အကြောင်းမှာမူလူသားသည်ကိုယ့်ကိုယ်ကိုအထင်ကြီး
တတ်သောသတ္တ၀ါတစ်မျိုးဖြစ်ရကားငါလုပ်တာသိပ်ဟန်ကျသည်ဟူသောသွေး
နားထင်ရောက်နေသောကြောင့်ဖြစ်ပေသည်။ဤကဲ့သို့မိမိကိုယ်တိုင်အမှားအမှန်
စိစစ်နိုင်မှုသည်လွယ်ကူသောအလုပ်မဟုတ်ရကားသူတပါး၏အကူအညီကိုရရှိ
လျှင်ပိုမို၍အောင်မြင်ပေသည်။(မိတ်ဆွေကောင်းလို၏)မှန်၏၊ကိုယ်ရူထောင့်
မှလှနေသည်ဟုထင်မြင်ယူဆထားသောအရာတစ်ခုသည်သူတပါးအမြင်တွင်
မသတီစရာဖြစ်ပုံကိုအမှန်အတိုင်းမြင်ချင်လည်းမြင်နေပေမည်။သို့ဖြစ်၍ပတ်ဝန်
ကျင်၏ဝေဖန်မှူ(၀ါ)အမှန်အမှားထောက်ပြသတိပေးမှူကိုအားတတ်သရောကြို
ဆိုရမည်။ထိုကဲ့သို့သောအကျိုးပြုလုပ်ငန်းရပ်အတွက်တံခါးဝကျယ်ကျယ်ဖွင့်
ပေးထားရပေမည်။
ခေတ်အရှည်ဆန်းသစ်သောသံဃစနစ်တစ်ခု။ ။ယင်းသို့အမှန်၊အမှား
ကျိုးရှိ၊ကျိုးမဲ့စီစစ်မိရန်ပတ်ဝန်ကျင်၏အကူအညီရယူမှုစနစ်သည်
ကျွန်ုပ်တို့မြန်မာများဗုဒ္ဓဘာသာများအတွက်ရှိနှင့်နေသောရတနာမှန်သည်
သာဖြစ်သည်။ကျွန်ုပ်တို့သည်နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်ဆိုလျှင်
အိမ်တိုင်းလိုလိုကသံဃာတော်များ"ပ၀ါရဏ"ပြုတော်မူကြသည်ကို
သိရှိကြ၏။အသုံးဝင်မ၀င်ကိုခွဲခြားသိမြင်တတ်သောမျက်စိ၊မှတ်ရသားရ
မည့်အချက်ကိုခွဲခြားသိတတ်သောနားတို့ကိုစံနစ်တကျအသုံးပြုမိပါလျှင်
ထို"ပ၀ါရဏ"နည်းစနစ်၏ချစ်စရာ၊အတုယူစရာကောင်းပုံကိုတွေ့ရှိရပေမည်။
သိမ်တော်ထဲတွင်ရဟန်တော်များစည်းဝေးညီညာတော်မူပြီးလျှင်"အရှင်တို့
သံဃာတော်အားဖိတ်မန္တကပြုထားပါသည်။(တပည့်တော်၏အပြစ်ကို)
ကိုယ်တိုင်ကိုယ်ကျမြင်လျှင်သော်လည်းကောင်း၊နားနှင့်ဆက်ဆက်ကြား
ခဲ့သော်လည်းကောင်း၊သို့တည်းမဟုတ်အရှင်တို့၏စိတ်ထဲကယုံမှားသံသယ
ဖြစ်နေသော်လည်းကောင်း၊တပည့်တော်အားထောက်ပြပြောကြားတော်
မူပါ။အရှင်တို့ပြောဆိုသတိပေးသည့်အတိုင်း(အမှား၊အမှန်စိစစ်၍)
တကယ်တမ်းအပြစ်ကိုတွေ့ရပါလျှင်ထိုအပြစ်ကို(အမှားကို)ပျောက်ကင်း
အောင်ပြုပြင်ပါမည်"ဟုအချင်ချင်းဖိတ်ကြားကြ၏။ဤသို့ပန်ကြားခြင်းကို
ဘုန်းမရှိတန်းခိုးမကြီးသောအညတြသံဃာတော်ငယ်ကသာပြုလုပ်ရသည်
မဟုတ်၊ကျောင်းတိုက်ကြီးပိုင်စိုးခြင်း၊ဘွဲ့ထူးတံဆိပ်ကြီးများဆက်သခံယူထား
ရခြင်း၊နိုင်ငံကျော်ကြားခြင်းစသောအားဖြင့်တန်ခိုးကြီးဆရာတော်သက်တော်
ရှစ်ဆယ်၊၀ါတော်ခြောက်ဆယ်ရပြီးသောဆရာတော်ကပင်လျှင်သံဃာငယ်
အားပြန်လည်ဖိတ်ကြားရပေသည်။ဤသည်ကားမိမိ၏ပျော့ကွက်ကိုသတိပေး
နိုင်ရန်အချင်းချင်းရင်းနှီးစွာပြောကြားထားခြင်းတည်း။အခြားတပါး၏အပြစ်
(အမှား)ကိုမြင်လျက်၊သိလျက်သားနှင့်ထောက်ပြသတိပေးခြင်းမရှိပါကမပြော
သောရဟန်းမှာအပြစ်မကင်းချေ။အပြောခံရသောရဟန်းကလည်းစိတ်ဆိုးခြင်း
အညှိုးထားခြင်းမရှိဘဲဝမ်းမြောက်ကျေးဇူးတင်စွာလိုက်နာရလေသည်။
လက်ျာတော်ရံ၏အတုယူဖွယ်စိတ်ထား။ဤနေရာတွင်မြတ်ဗုဒ္ဓ၏လက်ျာတော်
ရံ(ညာလက်ရုံး)ဖြစ်သောရှင်သာရိပုတ္တရာမထေရ်မြတ်၏အကြောင်းကိုသတိမရ
မနေနိုင်ဖြစ်ကြရပေမည်။တစ်ခါတွင်အမှတ်မဲ့ဖြစ်ပြီးရှင်သာရိပုတ္တရာ၏သင်္ကန်း
တော်မှာအ၀န်းမညီဘဲတွဲလဲကျနေသည်။ထိုအချက်ကိုခုနှစ်သားသာမဏေ
လေးကထောက်ပြပြောဆိုလိုက်သည်။မထေရ်မြတ်ကြီးသည်ချက်ခြင်းညီ
အောင်ပြင်ဝတ်ရုံ၍ထိုသာမဏေ၏ရှေ့မှာလက်စုံယှက်ခြေစုံရပ်ပြီး"ညီပါပြီလား
ဘုရား"ဟုလေးစားစွာမေးသည်။နောင်ကိုလည်းချို့ယွင်းချက်တွေ့ပါကဤ
သို့ပြောဆိုသတိပေးပါဟုပြောဆိုရှာသည်။ထိုကဲ့သို့သောညွှန်ကြားသတိပေး
မှူကိုဦးထိပ်ထက်ဝယ်ပန်ဆင်ပါမည်ဟုကတိပြုပေသည်။ဤစနစ်နှင့်ဤသို့
ရင့်ကျက်မှူမှန်သောစိတ်ထား၊ကျင့်စဉ်သည်ဂေါတမဘုရားသာသနာမှရဟန်း
သံဃာအဖွဲ့အစည်းကြီး၏နှစ်ပေါင်း(၂၅၀၀)ကျော်တည်တံ့လာအောင်အရေး
ပါသောနေရာမှကူညီနေသည်ဟုဆိုနိုင်ပေသည်။ကြီးပွားတိုးတတ်မှုမိမိတို့၏
အသင်းအဖွဲ့စနစ်ဝါဒကိုခေတ်နှစ်ကြာရှည်စွာတည်တံ့စေလိုသူတိုင်းသည်အ
ထက်ပါလက်တွေ့အကျိုးရှိလာခဲ့သည့်သဗ္ဗညုတဥာဏ်တော်ဖြင့်ချပြခဲ့သော
အထက်ပါမူမှန်စနစ်ကိုအတုမယူဘဲနေသင့်ပါအံ့နည်း။ဤမှားမှန်ပြန်လည်
စိစစ်နိုင်ခြင်းဟူသောတံတိုင်းသည်နိမ့်လှသည်ကားမဟုတ်ချေ။သို့သော်
ဤတံတိုင်းကိုကျော်လွှားရပေမည်။


အပြည့်အစုံသို့

Friday, July 25, 2008

လက်တွေ့အမြင်မှန်ရှာနည်း

"တွေးခေါ်ဆင်ခြင်မှူနှင့်ယှဉ်သော
လက်တွေ့ကျကျလုပ်ရပ်သည်သာမှန်ကန်သည်"ဟု
မြတ်ဗုဒ္ဓကဆိုလိုပေသည်။ဤတွင်အဘိဓမ္မာဆန်ဆန်အောက်ပါကဲ့သို့သုံးသပ်ညွှန်ပြသည်။



မိမိကိုယ်တွင်း၌အမျက်ဒေါသချောင်းချောင်း
ထွက်နေချိန်တွင်ဤသို့စဉ်းစားရာ၏။ဤဒေါသသည်နှာလေတရှူးရှူးမှုတ်ပြီးပါးပျဉ်း
ထောင်နေသောမြွေဟောက်ကဲ့သို့ဖြစ်၏။ဒေါသ၏စွမ်းအားကြောင့်စော်ကားမိမည်၊
သတ်မိမည်၊လိမ်မိမည်၊သူတပါးအားဂျောက်တွန်းမိမည်၊ထိုအလုပ်တို့သည်
ကောင်းသလော?
ဒေါသဆူဝေနေဆဲဆဲမှာမိမိကိုယ်၌လည်းချမ်းသာအေးငြိမ်းနေသလော၊ဤသို့
စသည်ဖြင့်ဆင်ခြင်ကြံဆလိုက်လျှင်ဒေါသဖြစ်ရမှုသည်မကောင်းစင်စစ်ဖြစ်၏။
အကျိုးပျက်စီးစရာသာဖြစ်၏-ဆိုသောအချက်ကိုကိုယ်တွေ့ကျကျသိလာရသည်။
ထိုသို့သိရခြင်းသည်တဆင့်ကြားမဟုတ်ရှေးထုံးစံမဟုတ်၊"သတဲ့"စနစ်မဟုတ်
စာအုပ်ကြီးအသိမဟုတ်၊စိတ်ကူယဉ်မဟုတ်၊နည်းနာမျှလည်းမဟုတ်၊ဘာသာ
ပေါင်းစုံအောင်တတ်သည်ဆိုသောသူကပြောပြချက်လဲမဟုတ်။စင်စစ်
ကိုယ်တိုင်းကျကျဒေါသ၏သဘာဝကိုသိနေရပြီမဟုတ်လော။
သို့သိသောအခါ၌ဘာကိုမျှမမှူပဲမကောင်းသောအရာ၊အကျိုးမဖြစ်
ထွန်းသည့်အရာကိုပက်ပက်စက်စက်ကြီးစွန့်ပစ်လိုက်ရလေသည်။
အထက်ပါဗုဒ္ဓ၀ါဒသည်(၀ါ)မြတ်ဗုဒ္ဓညွန်ကြားနည်းပေးညွန်ပြ
ချက်သည်မည်မျှခေတ်မီလေသနည်း။
ဖော်ပြပါဘုရားရှင်၏ညွန်ပြပေးချက်သည်လမင်းသော်တာ
နှင့်တူ၏။နှစ်ပေါင်းမည်မျှကြာလင့်စေကာမူရိုးနိုင်သည်မရှိ။
ခေတ်မမီဟူ၍မရှိ၊အမြဲတစေဆန်းသစ်နေသည်တကား။အသုံးဝင်
နေသည်တကား၊နိုင်ငံတိုင်း၏တိုးတတ်သောလူသားတိုင်းနှင့်
သက်ဆိုင်နေသည်တကား။

အပြည့်အစုံသို့

လူသားတိုင်းကျင့်သုံးရန်နည်းကောင်းတစ်လက်

ဘုရားရှင်ပေးသောလူသားတို့ကျင့်သုံး
ရန်နည်းကောင်းတစ်လက်ကား ကိုယ်တိုင်ကိုယ်ကျမလေ့လာဘူးဘဲ
တဆင့်စကား၊တဆင့်နားကြားနဲ့လဲလိုက်နာပြီးမကျင့်ကြနဲ့။ရှေးအဆက်ဆက်
ကစနစ်ဆိုရုံမျှဖြင့်လဲအဟုတ်မထင်လိုက်နဲ့ဦး။


ဘယ်သူဟာ၊ဘယ်နိုင်ငံဟာ
ဘယ်လိုအောင်မြင်နေသတဲ့စသော"သတဲ့"စံနစ်နဲ့လဲလိုက်မလုပ်ကြနဲ့။
စာအုပ်ကြီးတွေအားကိုးနဲ့လဲ(လက်တွေ့မပါပဲ)ဟုတ်လှပြီမထင်ရဘူး။
စိတ်ကူးယဉ်တွေးသောအချက်ကိုအရင်းခံပြီးလဲစီမံကိန်းထမချလေနဲ့
မှတ်ဖူးသိဖူးသောနည်းစနစ်သက်သက်ဖြစ်လည်းကြံဆသုံးသပ်ပြီး
တော့လည်းမလုပ်လိုက်နဲ့။ကိုယ်စိတ်ကကြိုက်နှစ်သက်တဲ့အယူအဆ
အကြံအစည်ခံနိုင်ရည်မျိုးနဲ့လည်းမလုပ်နဲ့။လုပ်သင့်လုပ်ထိုက်တယ်လို့
ဆိုရုံနဲ့လည်းမပြီးသေးဘူး။သင်ပြညွှန်းကြားတဲ့လူဟာဖြင့်(ရေးသူ
ဟာဖြင့်)တို့ဆရာပဲ၊ရဟန်ပဲ၊ပါမောက္ခပဲ(စာသိပ်တတ်တာပဲ၊
ဘာသာပေါင်းဘယ်လောက်တတ်တာလဲ)စသည်ကိုထောက်ထားပြီး
တော့လည်းထိုသူပြောသမျှရေးသမျှကိုအဟုတ်မထင်လိုက်နဲ့ဦး။
တကယ်တော့မိမိကိုယ်တိုင်ကိုယ်ကျ(လက်တွေ့ညဏ်မြင်ကျကျ)
ဝေေ၀ဖန်ဖန်ဆစ်ဆစ်ပိုင်းပိုင်းစုံစုံလင်လင်သိရှိရမှသာကောင်းတာကို
လက်ခံကျင့်သုံးမကောင်းတာကို(ဘာကိုမျှမညှာဘဲ)စွန့်ပစ်ကြရမည်။
(ေကသမုတၱိသုတၱ၊အဂုၤတၱရနိကာယ)

အထက်ပါဘုရားဟောစနစ်ကိုအလေးအနက်သုံးသပ်ဆင်ခြင်ဘ၀တွင်
အသုံးချအောင်မြင်မှုရကြမည်ဧကန်ဖြစ်ပေသည်။

အပြည့်အစုံသို့